၁၀. ၁. ၂၀၂၁ ရက်နေ့ နံနက် ၉:၀၀ နာရီတွင်
အဖဆရာတော်လုကာ့စ်ဒေါင်ဇေ၊ ဖာသာရ်ဂျော့ချ်လရိန် နှင့်အတူ သာသနာ့အကျိုးတော်ဆောင်များမှ လားရှိုးတိုက်နယ်၊ ဘန်ဆန့်ကျေးရွာတွင်ဆောက်လုပ်နေသော ဘုရားကျောင်းဆောင်သစ်ကို သွားရောက်ကြည့်ရှု့လေ့လာခဲ့ကြပါသည်။ အကျိုးတော်ဆောင်မိခင်များမှဒေသခံများနှင့်အတူ နေ့တစ်ပိုင်းပျော်ရွှင်စွာ အားကစားပြိုင်ပွဲများပြုလုပ်ကာ ဆုလက်ဆောင်များကို ဝေမျှပေးခဲ့ကြပါသည်။ အကျိုးတော်ဆောင်ဖခင်များမှလည်း အဖဆရာတော်၊ ဘုန်းတော်ကြီးများနှင့် ဆုတောင်တောင်ပြုလုပ်ပြီး ကားတိုင်စိုက်ထူမည့်နေရာကို သွားရောက်ကြည့်ရှု့ကား နေရာရွေးချယ်သတ်မှတ်ကာ ဆုတောင်းခဲ့ကြ ပါသည်။ မွန်းလွဲတစ်နာရီတွင် ရွာခံများနှင့်အတူ ပျော်ရွှင်စွာ နေ့လည်စာစားသုံးပြီး လားရှိုးသို့ ပြန်လည်ထွက်ခွါ ခဲ့ကြပါသည်။