ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ခြင်းများ
2020-03-22 07:04:51လားရှိုးမြို့ပေါ်ရှိကက်သလစ်ဘုရားကျောင်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့်သေဆုံးသူများနှင့် ကိုရိုနာရောဂါကပ်ဆိုးမှ လူသားတိုင်းအမြန်ဆုံးလွတ်မြောက်နိုင်ကြရန်ဆုတောင်းခြင်းနှင့်အတူ မိမိတို့အရပ်ဒေသတွင် ဤရောဂါမကျရောက်စေရန် ဘုရားကျောင်း တက်သူတိုင်း လက်သန့်စင်ဆေးကြောခြင်းကို ပထမအဆင့် စတင်ပြုလုပ်နေပြီဖြစ်ပါသည်။ ကြိုတင်ကာကွယ်ခြင်းများနှင့်အတူ လက်တွေ့လုပ်ဆောင်သွားနိုင်မည့်လုပ်ငန်များကိုလည်း ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ပါသည်။